Main menu

ဝါဝါဝင်းချည်ထည်ပိုးထည်နှင့် အမရပူရချိတ်အမျိုးမျိုးလုပ်ငန်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

         (၁၆.၉.၂၀၂၅)ရက်နေ့ နံနက်(၁၃:၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို ဝါဝါဝင်းချည်ထည်ပိုးထည်နှင့်အမရပူရချိတ်အမျိုးမျိုး လုပ်ငန်းအမှတ် (၇၄၈/၉)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်(၅)ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများ လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်များမှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)