Main menu

ပန်းဈေးကွက်၌ အရောင်းသွက်သည့်  သပြေပန်းဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသများတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေ ရရှိနေကြောင်း သိရသည်။

    သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ ()မျိုးရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းခက်()စီးလျှင် (၁၀၀၀)ကျပ်၊ သပြေငုတ်အကြီး()ငုတ်လျှင်(၅၀၀၀)ကျပ်နှင့် အသေး()ငုတ်လျှင်(၂၀၀၀မှ ၃၀၀၀) ကျပ်၊ အာဆီယံသပြေ()စည်းလျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊  ပန်းရောင်း ချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)