
မန္တလေးတိုင်းဒေသကြီးအတွင်း ဩဂုတ် ၊ စက်တင်ဘာနှင့် အောက်တိုဘာလ များသည် မိုးဖရဲသီးနှံများ ပေါ်ထွက်သောကာလများဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင်ဖရဲသီးနှံ စိုက်ဧကစိုက်ပျိုး၍ မြင်းခြံမြို့နယ်တွင်အများဆုံးစိုက်ပျိုးကြောင်း သိရှိရသည်။ မိုးဖရဲသီးနှံ များကိုယခင်နှစ်များက ဒေသအရောက်ကွင်းဆင်းဝယ်ယူမှုဖြင့် ဈေးကွက်အတွင်းအရောင်း အဝယ်ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် နယ်မြေဒေသလုံခြုံမှုအခြေအနေများနှင့် ရာသီဉတုအခြေအနေများကြောင့် ဒေသအရောက်ဝယ်ယူမှုမရှိသလောက် အလွန်နည်း ပါးလျက်ရှိသည်။စိုက်ပျိုးတောင်သူများမှလည်းဈေးကွက်အရောက်ပို့ဆောင်၍ အရောင်း အဝယ်ဆောင်ရွက်ရန်အတွက် ခက်ခဲမှုများရှိသောကြောင့် ဈေးကွက်ဆုံးရှုံး မည့်အရေး ဖရဲစိုက်တောင်သူများ စိုးရိမ်လျက်ရှိကြောင်းသိရှိရသည်။ မန္တလေးတိုင်း ဒေသတိုင်းဒေသကြီး အတွင်း စိုက်ပျိုးထွက်ရှိသည့် မိုးဖရဲသီးနှံများကို ဒေသတွင်းစားသုံး ၍ ပိုလျှံသည်များကို နေပြည်တော် ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိရာ တစ် ရက်လျှင် ပျမ်းမျှ (၁၀) ဘီးကား ၊ (၁၀) စီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သီးနှံလုပ် ငန်းရှင်များထံမှ သိရှိရသည်။ မိုးဖရဲသီးနှံအား ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မှုအားနည်းပြီး ပြည်တွင်းဈေးကွက် သာအဓိက ထားရောင်းချလျက်ရှိကြောင်း သိရှိရသည်။ မိုးဖရဲသီးနှံဈေးနှုန်းမှာ အရွယ်အစားအကြီးအသေး ပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်၃၀၀၀မှ ၈၀၀၀အထိ ရှိကြောင်း သိရှိရသည်။ မိုးဖရဲသီးနှံ ဈေးနှုန်းသည် ရက်အလိုက်သူ့ဈေးနှုန်းနှင့်သူအပြောင်းအလဲရှိသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
