
မန္တလေးစျေးကွက်အတွင်းသို့ မိုးရာသီချိန်ဖြစ်၍ ဟင်းရွက်ကုန်စိမ်းများဝင်ရောက် မှုများပြား လျက်ရှိပြီး၊ အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁ လမ်းကုန်စိမ်းစျေးနှင့် သီရိမာလာစျေးတို့တွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလတတိယပတ်အတွင်း ကိုက်လံဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး(၁၀စီးပါ)တစ်စည်းလျှင် ၅၀၀၀ကျပ်နှင့် ၆၅၀၀ကျပ်၊ လက်လီစျေးတစ်စည်း လျှင် ၇၀၀ကျပ် နှင့် ၈၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာ စျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀)စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
