Main menu

ပျူမြို့ဟောင်း မှော်ဇာဒေသထွက်သခွားသီး

Powered by Drupal

     ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာအုပ်စုတွင် စပါး၊ ပဲ၊ ပြောင်းတို့ကို အဓိက ထား၍စိုက်ပျိုးကြသလို ဟင်းသီးဟင်းရွက်ဖြစ်သော သခွားသီးကိုလည်းစိုက်ပျိုးကြပါသည်။ သခွား သီးကို ဆောင်သခွားနှင့် မိုးသခွားဟူ၍ နှစ်မျိုးကို သူ့ရာသီနှင့်သူစိုက်ပျိုးကြပါသည်။ သခွားသီးသည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း၊ နုံးမြေ၊ သဲနုံးမြေ၊ နုံးစနယ်မြေများတွင် ပိုမိုဖြစ် ထွန်းပါသည်။ မိုးသခွားသီးကို မိုးရာသီဖြစ်သော မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြသလို ဆောင်းသခွားကို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပါ သည်။ သခွားသီးတစ်ဧကစိုက်ပျိုးလျှင် အပင်(၆၀၀၀)ကျော် အထိစိုက်ပျိုးနိုင်ပြီး ရေမြေ ရာသီဥတု ပေါ်မူတည်၍ တစ်ဧကလျှင် သခွားသီး အလုံးရေ(၂)ထောင်ကျော် ထွက်ရှိသည်ဟု သိရပါသည်။ သခွားသီးကိုစိုက်ပျိုးပြီး (၁)လခွဲမှ (၂)လအကြာတွင် အသီးများစတင်ခူးဆွတ်ရပါသည်။

   သခွားသီးဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် ပေါ်ခါစတွင် (၇၀)ကျပ် အထိရောင်းချရပြီး သခွားသီးအထွက်လှိုင်လာချိန်တွင် ဈေးအတက်အကျပေါ်မူတည်၍ အလုံးအကြီး အသေး ပေါ်မူတည်ပြီး ရောင်းချရကြောင်းသိရပါသည်။ မှော်ဇာဒေသမှထွက်ရှိသော သခွားသီးများကို ပြည်ဒေသတွင်း ဈေးကွက်များသို့ တင်ပို့ရောင်းချသလို ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)