
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ သခွားမွှေးသီးနှင့် ပန်းသစ်တော်သီးများ ရောင်းချလျက်ရှိပြီး ပန်းသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရသည်။ ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း စပျစ်သီးဗမာမျိုး (၁)ပိဿာလျှင် (၂၃၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး၊ ပန်းသီးအကျွတ်သီး အသေးခြောက်လုံးလျှင် (၅၀၀၀)ကျပ်၊ အကြီးလေးလုံးလျှင် (၅၀၀၀)ကျပ်၊ ပန်းသီးရိုးရိုးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် လေးလုံးလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပါကြောင်း ပန်းသီးနှင့် စပျစ်သီးကို ဘုရား စေတီပုထိုးများတွင် သစ်သီးဆွမ်းကပ်လှူရာတွင်လည်းကောင်း၊ ကလေးလူကြီးများမကျန် ကြိုက်နှစ်သက်၍ စားသုံးသူများကလည်း ဝယ်ယူပါကြောင်း ပန်းသီးနှင့်စပျစ်သီးများအဝင်နည်းသည့် အတွက်ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)
