Main menu

အညာ၏ ထောပတ်သီးစျေးကွက်

Powered by Drupal

  မြင်းခြံမြို့ ၊ အေးမြသီတာစျေးအတွင်းတွင် ထောပတ်သီးများကို‌ သုံးလုံးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ချိုသာစွာရောင်းချလျက်ရှိကြောင်း တွေ့မြင်ရသည်။ ယခင်ရက်များက အနည်းငယ်ပို၍ကြီး သော ထောပတ်သီးများကို တစ်လုံး လျှင် (၅၀၀)ကျပ်ဖြင့် ‌ရောင်းချခဲ့ကြောင်းသိရှိရသည်။ ဝယ်လိုအား ကျဆင်းခြင်း မရှိခဲ့သော်လည်း ပိုမိုအရောင်းသွက်စေလိုသော စေတနာကြောင့် အမြတ်နှုန်း နည်းနည်း ဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း ရောင်းချသူ ဒေသခံစျေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရ သည်။ ထောပတ်သီးများသည် ရှမ်းပြည်ဘက်မှထွက်ခြင်း ဖြစ်၍ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် အနည်းငယ်ရှိသောကြောင့် အလုံးအကြီးအသေးနှင့် စျေးနှုန်းကိုချိန်၍ ရောင်းချရကြောင်း စျေးသည် တစ်ဦးပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)