Main menu

မြင်းခြံ မြို့၏စားသုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံး သူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ စားကုန်ဈေးနှုန်းများကိုလည်း အပတ်စဉ် တင်ပြလျက်ရှိကြောင်း ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် မြင်းခြံမြို့စားသုံးဆီလက်လီလက်ကား အရောင်းဆိုင်များ၌ ရောင်းချနေသော စားအုန်းဆီလက်လီတစ်ပိဿာလျှင် (၇၇၉၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၇၅၄၀) ကျပ် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်‌နေ့စဉ် ရောင်းချလျက်ရှိ‌ကြောင်း၊  မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်‌ရောင်းချကြောင်း၊ ယခင်လဩဂုတ်လတတိယပတ်တွင်စားအုန်းဆီလက်လီတစ်ပိဿာလျှင် (၇၄၅၀) ကျပ်၊ လက်ကား တစ်ပိဿာ လျှင်(၇၂၅၅)ကျပ်သင့်တင့်မျှတသောဈေးနှုန်းများဖြင့်‌နေ့စဉ် ရောင်းချလျက်ရှိကြောင်း၊  မြေပဲဆီတစ်ပိဿာလျှင် (၁၇၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၈၅၀၀)ကျပ်ခန့် ပေါက်ဈေး များဖြင့်ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် စားအုန်းဆီလက်လီ တစ်ပိဿာလျှင် (၃၄၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၂၈၅)ကျပ်ခန့် ဈေးနှုန်းမြင့်တက် ခဲ့ကြောင်းနှင့် မြေပဲဆီ၊နှမ်းဆီတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်ဈေးနှုန်းများကျ ဆင်းခဲ့ကြောင်း စားသုံးဆီလက်လီ၊ လက်ကား အရောင်းဆိုင်များမှသိရှိရသည်။

DOCA(မန္တလေး)