Main menu

ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်သက်တမ်း (၅) နှစ်နှင့် အောက် ကုမ္ပဏီများအား မြေပြင်တွင် အမှန်တကယ် ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  စစ်ကိုင်း ခရိုင်ဦးစီးမှူး  ဒေါ်သန်းသန်းတင် ဦးဆောင်သော ဝန်ထမ်းများသည် စစ်ကိုင်းခရိုင်အတွင်း ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်သက်တမ်း (၅)နှစ် နှင့်အောက်သက်တမ်းရှိသော ကုမ္ပဏီများအား မြေပြင်တွင် အမှန်တကယ်ရှိ/မရှိ စက်တင်ဘာလ (၁၄/၁၅/၁၆) ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ် များတွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်သက်တမ်း (၅)နှစ် နှင့်အောက်သက်တမ်းရှိသော ကုမ္ပဏီ (၃၆) ခုရှိသည့်အနက် မြေပြင်တွင် အမှန်တကယ်မရှိသော ကုမ္ပဏီ (၁၃) ခု၊လုပ်ငန်းယာယီ ရပ်ဆိုင်းထားသောကုမ္ပဏီ (၁)ခု၊ နယ်မြေဒေသအခြေအနေအရ ကွင်းဆင်းနိုင်ခြင်းမရှိသောကုမ္ပဏီ (၁၂) ခု၊မြေပြင်တွင် လက်ရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသောကုမ္ပဏီ(၁၀)ခုတို့ကိုကွင်းဆင်း စိစစ် တွေ့ရှိခဲ့ပါသည်။

      မြေပြင်တွင် အမှန်တကယ်မရှိသော ကုမ္ပဏီများမှာ တရုတ်ဈေးကွက်သို့ နွားအရှင်တင်ပို့ သော ကုမ္ပဏီများဖြစ်ပြီး  Covid-19 ရောဂါ ဖြစ်ပွားမှုအခြေအနေများနှင့် နွားဈေးကွက် ပျောက်ဆုံးမှုအခြေအနေများကြောင့် နွား Export တင်ပို့သောကုမ္ပဏီလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိတော့ပါကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)