
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ဈေးကွက်အတွင်း ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ကြက်သွန်ဖြူအား လတ်ခြား၊ ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅၊ ထူးလွန် လိုအဆင့်ခွဲပြီး ဈေးကွက်မှာ ရောင်းဝယ်လျက်ရှိပါတယ်။ လတ်ခြား၊ ထူး-၁၊ ထူး-၂ ကိုဆိုရင် ဒေသတွင်းမှာ အရောင်းအဝယ်လုပ်ပြီး စက်တင်ဘာလတတိယပတ်အတွင်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ဒေသပေါက်ဈေးမှာ (လတ်ခြား) ကျပ် ၁၀၀၀၊ (ထူး-၁) ကျပ် ၁၂၀၀၊ (ထူး-၂) ကျပ် ၁၆၀၀၊ (ထူး-၃) ကျပ် ၂၀၀၀၊ (ထူး-၄) ကျပ် ၃၀၀၀၊ (ထူး-၅) ကျပ် ၃၅၀၀၊ (ထူးလွန်) ကျပ် ၄၀၀၀ ရှိကြောင်းသိရှိရပါတယ်။ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင် ပွဲရုံဈေးမှာ (လတ်ခြား) ကျပ် ၁၃၀၀၊ (ထူး-၁) ကျပ် ၁၅၀၀၊ (ထူး-၂) ကျပ် ၂၀၀၀၊ (ထူး-၃) ကျပ် ၂၃၀၀၊ (ထူး-၄) ကျပ် ၃၃၀၀၊ (ထူး-၅) ကျပ် ၄၀၀၀၊ (ထူးလွန်) ကျပ် ၄၅၀၀ ရှိကြောင်းသိရှိရပါတယ်။ ထွက်ရှိသော ရှမ်းကြက်သွန်ဖြူကို အောင်ပန်းမြို့မှ တစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြန်မာပြည်အနှံ့အပြားတွင် တင်ပို့ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါ သည်။
DOCA(ရှမ်း)