ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်အနောက်ဖက်ခြမ်းရှိ ဒေသခံတောင်သူများအနေဖြင့် ဈေး ကွက်ဝင်အလားအလာကောင်းသည့် ဒေသအခေါ်ပစ်တိုင်းထောင်ဖရုံသီးများအား တွင်ကျယ်စွာ စိုက်ပျိုးလာကြကြောင်းသိရှိရပါသည်။ ပစ်တိုင်းထောင်ဖရုံသီးမျိုးမှာ မိုးတွင်းကာလတွင် ကောင်းစွာ ဖြစ်ထွန်းသော သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် မိုးနှောင်းကာလတွင် စိုက်ပျိုးမည်ဆိုပါက ရေသွင်းစိုက်ပျိုး ရန်လိုအပ်ပြီးအောက်တိုဘာလတွင် စတင်၍စိုက်ပျိုးနိုင်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ခူးဆွတ်၍ရောင်းချနိုင်ပြီ ဖြစ်ကြောင်းလည်းသိရှိရပါသည်။ မိုးတွင်းကာလတွင် စိုက်ပျိုးထွက်ရှိသော ပစ်တိုင်းထောင် ဖရုံသီးများအား ဈေးကွက်တွင် တစ်ပိဿာလျှင် ၉၀၀- ၁၀၀၀ ကျပ်ခန့်ရောင်းဝယ် လျက်ရှိပြီး ဈေးကွက်ဝင်အလားအလာကောင်းသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း လည်း သိရပါသည်။
DOCA(ရှမ်း)