
မြင်းခြံမြို့၊ အေးမြသီတာဈေးတွင်ရောင်းချသော ကျွဲကောသီးများကို ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူ၍ ဒေသတွင်းဖြန့်ဖြူး ရောင်းချကြောင်း သိရှိရသည်။ ကျွဲကောသီး ဝယ်ယူစားသုံးပါက တောင်ကြီးမြို့မှ ထွက်ရှိသောအသီးသည် အရည် အသွေး ကောင်းပြီး ရွေးချယ်ဝယ်ယူစားသုံးပါက အကောင်းဆုံးဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင် ဘာလ စတုတ္ထပတ်တွင် ရောင်းချနေသော ကျွဲကောသီးလက်လီတစ်လုံးလျှင် (၃၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ် များသောကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရန်အထောက်အကူပြုခြင်းကြောင့် စားသုံးမှုများ ကြောင်း၊ နေ့စဉ်ကျွဲကောသီးအလုံးရေ (၃၀-၅၀) လုံးခန့် လက်လီ၊လက်ကား ရောင်းချရကြောင်း သစ်သီးရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။
DOCA (မန္တလေး)