
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၉.၉.၂၀၂၅)ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအခြေအနေ များနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက် ဝယ်ယူရမည့် လက်လီ အရောင်းဆိုင်၊ အိမ်ထောင်စုများအတွက် စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက် ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းသုံးဆီ ဖြန့်ဝေရာတွင် လည်း လုပ်ငန်း ကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သော ဆီများ ထုတ်ယူသုံးစွဲနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူ သုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အခွင့်အရေးအား အပြည့်အဝရရှိစေရန် ရည်ရွယ်ကြောင်း၊ မိမိတို့မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ အတွက် စားအုန်းဆီများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရရှိအောင် နိုင်ငံတော်မှ ဆောင်ရွက်ပေး ထားပြီး ဖြစ်သည့် အတွက် ၎င်းဆီများအား သုံးစွဲရာတွင် မှန်မှန်ကန်ကန် သုံးစွဲကြရန်၊ မိမိတို့အတွက် အမှန်တစ်ကယ်လိုအပ်သော ဆီခွဲတမ်းများကို ဝယ်ယူသုံးစွဲကြစေရန် ဝန်ထုတ်ဝန်ပို မဖြစ်စေဘဲ အမှန် တစ်ကယ်သုံးစွဲနေသောလိုအပ်ချက်စာရင်းကိုသာတင်ပြလျှောက်ထာနိုင်ကြောင်း စသည်တို့ကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)