Main menu

အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၅.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား‌ဆိုင်ရာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန်များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့် လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသင့်စားသောက်ကုန်စည်အမျိုးမျိုးတွင် ကုန်စည်အမျိုး အစားအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)