Main menu

Zabu Kan Tun ကုမ္ပဏီမှ စားအုန်းဆီဖြန့်ဖြူးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

         (၁.၁၀.၂၀၂၅)ရက်နေ့ နေ့လယ်  (၁၃:၃၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ်၊ တူးချောင်း ကျေးရွာသို့ Zabu Kan Tun ကုမ္ပဏီမှ စားအုန်းဆီဖြန့်ဖြူးမှုအခြေအနေများကို သိရှိနိုင်ရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၄)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ကုမ္ပဏီတာဝန်ခံများနှင့် သက်ဆိုင်ရာရပ်/ ကျေးတာဝန်ရှိသူများ ပါဝင်သော အဖွဲ့များသည် ထန်းတပင်မြို့နယ်တူးချောင်းကျေးရွာသို့ သွားရောက်၍ Zabu Kan Tun ကုမ္ပဏီသည် ဆီထုတ်လက်ကားကိုယ်စားလှယ်များမှတစ်ဆင့် လက်လီကိုယ်စားလှယ်များထံမှ ကျေးရွာနေစားသုံးသူပြည်သူများအား ဖြန့်ဖြူးပေးလျက်ရှိပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့အနေဖြင့် စားအုန်းဆီအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချ ခြင်းရှိ/မရှိ၊ အလေးချိန်ပြည့်/မပြည့်၊ ဝယ်ယူစားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရေး အတွက် ရောင်းချသည့်ရက်စွဲ၊ ပိဿာချိန်၊ ရောင်းချသည့်ဈေးနှုန်းနှင့် ရောင်းချသူစာအုပ်တို့ ပါဝင်သော ဗီနိုင်းချိတ်ဆွဲရောင်းချခြင်းရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)