
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၇-၉-၂၀၂၅ )ရက်နေ့၊ နေ့လယ် (၁၄:၃၀)မိနစ်အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင် (၃)ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ်မြေ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲ ပစ္စည်းများအား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍ သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ယခုအချိန်မှာ ပွင့်လင်းရာသီရောက်ရှိလာပြီး အဆောက်အဦးဆောက်လုပ်ခြင်းလုပ်ငန်းများ ပြန်လည်လည်ပတ်နေခြင်းကြောင့် ဝယ်လိုအားကောင်းလာခြင်းနှင့် သယ်ယူစရိတ်အနည်းငယ်ဈေးတက်လာခြင်းတို့ကြောင့် တချို့ဆိုင်များတွင် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်းနှင့် Crown တစ်အိတ်လျှင် (၂၅၀၀ဝိ/-) ကျပ်၊ အုတ်တစ်လုံးလျှင် (၃၂ဝိ/-)ကျပ်၊ သံတစ်တန်လျှင် (၂၀၀၀၀၀ဝိ/-)ကျပ်ဈေး တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။
DOCA(ဧရာဝတီ)
