Main menu

ဓနုဖြူမြို့နယ် ၂ရပ်ကွက်တွင် စားသုံးသူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်

Powered by Drupal

        မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ၂ရပ်ကွက်ဈေးများအတွင်း ၂၆-၉-၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေး သိကောင်းစရာများ ဟောပြောပွဲပြုလုပ်ခဲ့ခြင်းနှင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဈေးကွက်အတွင်း ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့မဈေးကော်မတီဝင်များ ပါဝင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင် အမှတ် ၂ရပ်ကွက်ဈေးအတွင်း မုန့်မျိုးစုံရောင်းချသောဆိုင်များ၊ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ရာ ဈေးအတွင်းရောင်းချနေသော ကုန်စည်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သော ကုန်စည်များကို သာရောင်းချရန်၊ သက်ဆိုင်ရာထောက်ခံချက်ပါဝင်သော ကုန်စည်ကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်များရှိပါက သက်ဆိုင်ရာ ကုန်စည်ထုတ်လုပ်သူ ပင်ရင်းထံ ပြန်လည်လဲလှယ်ခွင့်ကို တောင်းဆိုရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ရောင်းချသူလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပညာပေး ကုန်စည်များနှိုင်းယှဉ်ပြသ၍ ဘေးအန္တရာယ်ရှိကြောင်းကိုပြသပြီး ထုတ်ကုန်လုံခြုံမှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)