
မိုးရာသီအချိန်တွင်သာ စားရသည့် ငါးလူး၊ ငါးဖမ်းမ၊ ငါးဘတ်နှင့် ပုဇွန်ထုပ်များမှကို ရွှေဘိုမြို့နှင့် ၁၆မိုင်ဝေးသည့် ကျောက်မြောင်းမြို့မှ ရွှေဘိုမြို့ပေါ်သို့ လာရောက်ရောင်းချလျက်ရှိ ကြောင်း၊ မိုးရာသီကုန်ဆုံးသောကာလဖြစ်၍ ငါးများနှင့် ပုဇွန်ထုပ်များမှာ လှိုင်လှိုင်ထွက်ရှိသော်လည်း ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ ဈေးကောင်းပေးဝယ်ရကြောင်း၊ စားသုံးသူများသည် မြစ်ရိုးမှာလာသည့်ငါးဖြစ်သည့် ငါးလူး၊ ငါးဖမ်းမ၊ ငါးဘတ်နှင့် ပုဇွန်ထုပ်များကို သူ့ထက် ငါအပြိုင် ဝယ်ယူလျက်ရှိကြောင်း၊ ငါးမှာ အချိုနှင့် ငါးစားနယ်ဟူ၍ (၂)မျိုးရှိကြောင်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (ပထမ)ပတ်တွင်ဖြစ်ပေါ်နေသော ငါးဈေးနှုန်းများမှာ ငါးလူး နှင့်ငါးဖမ်းမ(အချို)ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၅၀၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀ဝိ/-) ကျပ်၊ ငါးလူးနှင့်ငါးဖမ်းမ (ဆားနယ်)ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၆၀၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၂၄၀၀ဝိ/-)ကျပ်၊ ငါးဘတ်ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၈၀၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၃၂၀၀ဝိ/-)ကျပ်၊ မြစ်ပုဇွန်ထုပ်ဈေးနှုန်းမှာ အရွယ်အစားအကြီး/အသေးပေါ်မူတည်၍ (၂၅)ကျပ်သား လျှင် (၁၃၀၀ဝိ/-)ကျပ်မှ (၁၅၀၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၅၂၀၀ဝိ/-)ကျပ်မှ (၆၀၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အသား/ငါး ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
