
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် စက်တင်ဘာလ (၃၀) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး တံတားဦးမြို့နယ်ရှိ ရွှေချိန်ခွင်ဆန်စက် သို့ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Onlin My RO)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန် (၂၅)နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀) နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင် သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများအား သက်တမ်းပြန်လည်တိုးရန်နှင့် ဆန်စပါး သိုလှောင်မှုလုပ်ငန်းစဉ်များ၏ ကုန်ရ ၊ ကုန်ထုတ် ၊ ကုန်လက်ကျန် စာရင်းများအား လစဉ်၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ဖြည့်သွင်းခြင်းလုပ်ငန်းများအား လိုက်နာဆောင်ရွက်ရန် နှင့်လိုက်နာဆောင်ရွက်မှုမရှိပါက စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
