Main menu

ဝယ်လက် အဝယ်ရှိသော်လည်း  ပြည်မြေပဲဆန်ဈေးပြန်ကျလာ

Powered by Drupal

       ပြည်ဈေးကွက်သို့ မိုးမြေပဲဆန်များကို ပြည်-အောင်လံ ကြားရှိကျေးရွာများနှင့် ပေါက်ခေါင်း၊ ကြံခင်း၊ မြန်အောင်ဘက်မှ နေ့စဉ်အိတ် (၁၅၀၀-၂၀၀၀)ခန့် ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများ ကျဆင်း လာသည်ကို တွေ့ရှိရပါသည်။ ယခင်စက်တင်ဘာလ တတိယပတ်တွင် မြေပဲဆန်ဈေးများမှာ ဆီဆန် တစ်ပိဿာလျှင် (၅၃၀၀)ကျပ်၊ ရွေးဆန် တစ်ပိဿာလျှင် (၅၇၀၀)ကျပ် နှင့် လုံးဆန် တစ်ပိဿာ လျှင် (၆၀၀၀-၆၁၀၀)ကျပ်ဈေးဖြစ်ခဲ့ပြီး  ယခု အောက်တိုဘာလဆန်းပိုင်းတွင် မြေပဲဆီ ဆန် တစ်ပိဿာလျှင် (၅၀၀၀-၅၁၀၀)ကျပ်ဖြင့် တစ်ပိဿာလျှင် ၃၀၀ကျပ် ဈေးကျခဲ့သလို မြေပဲလုံး ဆန်တစ်ပိဿာလျှင် (၅၃၅၀-၅၄၀၀)ကျပ်ဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်ခန့် ဈေးကျလာတာသည်ကို တွေ့ရှိရပါသည်။ ဆီဆန်ကို မြို့တွင်းဆီစက်သမားများနှင့် မကွေးရှိ ဆီစက်သမားများက အဝယ်ရှိသလို လုံးဆန်ကို မြဝတီသို့တင်ပို့ရန်နှင့် ဒေသတွင်း ပဲလှော်ဖိုသမားများက အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၁၅၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)