Main menu

ပြည်မြို့၏ အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

       အောက်တိုဘာပထမပတ်တွင် ပြည်မြို့နယ်၏ အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ ယခင်လက ဈေးမြင့်တက်နေသော်လည်း ယခုအပါတ်တွင် ဈေးနှုန်းများ အနည်းငယ် ပြန်ကျလာ ပါသည်။ ကြက်သွန်နီတစ်ပိဿာလျှင် ယခင်လက ၃၆၀၀ကျပ်၊ ယခုလတွင် ၃၃၀၀ကျပ်ဖြင့် အနည်း ငယ် ကျဆင်းခဲ့ပါသည်။ ငရုတ်သီးခြောက်အရှည်ဈေးမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)ဈေးမှာ ၅၀၀၀ မှ ၄၃၀၀ကျပ်သို့ အနည်းငယ်ကျဆင်းခဲ့ပါသည်။ ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့်  ၆၀၀၀ကျပ်ဖြင့် ဈေးမပြောင်းလဲကြောင်း သိရှိရပါသည်။ မန်ကျည်းမှည့် တစ်ပိဿာ ၄၀၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ ၅၀၀၀ကျပ်၊ သကြားတစ်ပိဿာ ၂၄၀၀ကျပ်ဈေး ဖြင့် အကျမရှိဘဲ ဈေးငြိမ်နေသည်ကို  တွေ့ရှိရပါသည်။ စားအုန်းဆီသည် ယခုတစ်ပတ်တွင် ဈေးများကျဆင်းလာရာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ခန့်မှ ယခုလတွင် ၆၅၀၀ကျပ်ထိ ကျဆင်း လာပါသည်။ ပဲဆီအနေဖြင့်  တစ်ပိဿာ ၁၂၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၁၅၀၀ကျပ်ဖြင့် စားသောက်ကုန် ဈေးများ အနည်းငယ် ကျဆင်းလာသလို ယခုလပထမပတ်တွင်  Premier Coffee အထုတ်(၃၀)ပါ အထုတ်ကြီး တစ်ထုတ်လျှင် (၁၀၀၀)ကျပ်ခန့်ကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)