Main menu

လက်လီပဲဈေးကွက်မှာ ပဲနီပြားသီးနှံ ပုံမှန်ရောင်းဝယ်မှုဖြစ်

Powered by Drupal

       ပြည်ပဲဈေးကွက်၏ လက်လီပဲဈေးကွက်တွင်  ပဲသီးနှံအားလုံးလိုလိုဈေးကောင်းရနေခဲ့ပြီး ပဲနီပြားသီးနှံမှာလည်း တစ်တင်း ၅၀၀၀၀ကျပ်ဖြင့် လက်လီသာအရောင်းအဝယ်ဖြစ်လျက်ရှိပါသည် ။ တစ်ရက် အိတ် ၂၀/၃၀ ကျော် ဒေသတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ယခုနှစ် ပဲဈေးတစ်တင်းလျှင် ၅၀၀၀၀ကျပ်ဖြင့် ဈေးကောင်းရနေသည်ဆိုသော်လည်း ယခင်နှစ်က ပဲဈေးနှုန်းထက် ဈေးလျော့နေခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်က ပဲနီပြားသီးနှံ ကာလတူ အချိန် ဈေးနှုန်းမှာ တစ်တင်း ၆၀၀၀၀ ကျပ်ဖြင့် ဈေးရခဲ့ပြီး ပဲဈေးကွက်တွင်  အခြားလက်လီပဲများ နည်းတူ ဈေးကောင်းရခဲ့သော သီးနှံဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)