ယခုတစ်ပတ်တွင် ညောင်လေးပင်မြို့နယ်၏ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများအနေဖြင့် ပင်သန်ပုလဲ ၅၀ kg (ဩဘာ) တစ်အိတ်လျှင် ၁၅၀၀၀ကျပ် ၊ အီမို ပိုကောင်းပုလဲ 50 kg တစ်အိတ်လျှင် ၁၂၀၀၀ ကျပ် ၊ ရွှေဖားစည် ဆေးပုလဲ ၅၀ kg တစ်အိတ်လျှင် ၁၁၀၀၀ကျပ် တို့ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ အရောင်းအဝယ်ဖြစ်နေကြာင်း သိရှိရပြီး မာရသွန် 21 ပုလဲ ( ဩဘာ) ဓာတ်မြေသြဇာ 50kg တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်ဖြင့် ယခင်အပတ်ထက်ဈေး ၅၀၀၀ကျဆင်းသွားပြီး နဂါးမင်းပုလဲ ( ဩဘာ ) 50kg တစ်အိတ်လျင် ၉၅၀၀၀ ကျပ် တို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ယခုအပတ် ပိုးသတ်ဆေးဈေးနှုန်းအနေဖြင့် အဗေတာ အီဗို ၅၀၀ g (သြဘာ) တစ်ထုပ်လျှင် ၁၈၀၀၀ကျပ်၊ အဗေတာ အီဗို 1kg တစ်ထုပ်လျှင် ၃၅၀၀၀ကျပ်၊ နိုင်တလုံး (ဩဘာ) 1000 CC တစ်ဗူးလျှင် ၄၅၀၀၀ ကျပ် ၊ ယက္ခ (ဩဘာ) 1000 CC တစ်ဗူးလျှင် ၄၅၀၀၀ ကျပ် ၊ ဂရိတ်တား အီဗို ၄ လီတာ တစ်ဗူးလျှင် ၆၇၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)