Main menu

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ ပုဇွန်ချဉ်စျေးနှုန်းစျေးကွက်

Powered by Drupal

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ငါး၊ ပုဇွန် များကို ဖမ်းဆီရမိလျက်ရှိပြီး ဒေသထွက်ကုန်အဖြစ် ပုဇွန်ချဉ်သည်လည်း ထင်ပေါ်ကျော်ကြားလျက်ရှိ သည်။ မြိတ်ခရိုင်တွင် ပုလော‌ဒေသမှ ထွက်ရှိသော ပုဇွန်ချဉ်သည် လူကြိုက်အများဆုံးဖြစ်သည်။ ခရီးသွားသူများနှင့် အလည်အပတ်သွားရောက်သူများက ဝယ်ယူလျက်ရှိကြပြီး အခြားဒေသများသို့ လည်းတင်ပို့ရောင်းချလျက်ရှိပါသည်။ ပုဇွန်ချဉ်ပြုလုပ်ရာတွင် ခေါင်းနှင့် ကျောဘက်မှ အမဲရောင် ပုဇွန်ဂျီးများ ဖယ်ရှားပေးရပြီး လိုအပ်သောဆားနှင့် ခပ်မာမာချက်ထားသောဆန်များဖြင့်လေလုံသော ဗူးတွင် ထည့်ကာ အပူချိန်မြင့်မြင့်ဖြင့်ထားရှိရပြီး နောက်၃ရက်ခန့်တွင် ပုဇွန်ချဉ်ရရှိကြောင်း သိရှိရပါ သည်။

    မြိတ်မြို့တွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလစျေးနှုန်းအရ ပုဇွန်ချဉ်အငယ်တစ်ဗူးလျှင် ၈၀၀၀ ကျပ်နှင့် ဗူးကြီး တစ်ဗူးလျှင် ၂၇၀၀၀ကျပ်ရှိပြီး ရန်ကုန်နှင့် အခြေားဒေသသို့တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)