Main menu

ဈေးကွက်ဝင် ပွင့်ဖြူဒေသထွက်သရက်ချဉ်

Powered by Drupal

      မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပတ်ဝန်းကျင်ရှိကျေးရွာများ၌  လယ်ယာဥယျာဉ်ခြံမြေများတွင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ဥယျာဉ်ခြံများတွင်တစ်ခြံနှင့်တစ်ခြံ နယ်နိမိတ်အကာအရံအဖြစ် စိုက်ပျိုးထားသော သရက်ပင်များမှသရက်သီးစိမ်းများကို အချဉ်ထည့်၍ မြန်မာနိုင်ငံအနှံသို့ သရက်ချဉ်ကို နှစ်ပတ်လည် ရောင်းချ၍တစ်ဖက်တစ်လမ်းမှ ဝင်ငွေရလျက်ရှိ ကြောင်း  စုံစမ်းသိရှိရပါသည်။

       ပွင့်ဖြူမြို့နယ်တွင် သရက်ချဉ်ကို အဓိကထားလုပ်ကိုင်သောကျေးရွာများမှာ  ဒေးဒရဲကျေးရွာ၊ သံဘိုကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ ပိန္နဲတောကျေးရွာနှင့် မုန်းနားစုကျေးရွာများဖြစ်ကြောင်း သရက်ချဉ်ပြုလုပ်ရာတွင် မနောနွယ်သီး၊ မချစ်စုသီး၊ ပန်းဆွဲသီး၊ စာကလေးသီးနှင့် စိမ်းစားသီးများကို အသုံးပြုကြောင်း သရက်ချဉ်သိပ်ရာတွင် စဉ့်အိုးများဖြင့်သိပ်ရကြောင်း စဉ့်အိုးတစ်လုံးတွင် သရက်သီးပေါက်ပြီးသား ပိဿာ(၄၀-၅၀)နှင့် ဆား(၄)ပိဿာရောနှယ်၍ ရေစစ်ထားပြီး ရေစစ်လျှင် စဉ့်အိုးအတွင်းသို့ဖိသိပ်ပြီး လေလုံရန်အင်ဖက်၊ ငှက်ပျောဖက်များခံ၍ အပေါ်မှ ပီနံအိတ်အသန့်ဖြင့် ဖုံပြီး ကျောက်ခဲ၊ တုံများဖြင့်ဖိသိပ်ရကြောင်း သရက်ချဉ်လုပ်ကိုင်သော လုပ်ငန်းရှင်တစ်ဦးလျှင် နှစ်ပေါက် သရက်ချဉ်ပိဿာ (၁၂၀၀)မှ (၁၅၀၀)ခန့် လုပ်ကိုင်ကြောင်း မိမိခြံထွက် သရက်သီးများသာမက အခြားဥယျာဉ်ခြံများမှရောင်းချသော သရက်သီးစိမ်းများကိုလည်းဝယ်ယူ လုပ်ကိုင်ကြောင်း သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်များစွာရှိကြောင်း သရက်ချဉ်ကို ပွင့်ဖြူမြို့နယ်သာမက လယ်ကိုင်း၊ စကု၊ မင်းဘူး၊ မကွေး၊ စလင်း၊ ဆင်ဖြူကျွန်း၊ ချောက်၊ ရေနံချောင်း စသည့်တိုင်းအတွင်းမြို့နယ်များနှင့် ရန်ကုန်၊ မန္တလေးအစရှိသော မြို့ကြီးများထိ တင်ပို့ရောင်းချ ရပါကြောင်း သရက်ချဉ်(၁)ပိဿာကို (၁၈၀၀)မှ (၂၀၀၀)ကျပ်အထိရောင်းချရသည့်အပြင် တစ်ခါစား အထုပ်လေးများအဖြစ် (၂၀၀)ကျပ်တန်၊ (၃၀၀)ကျပ်တန်အထုပ်များလည်း ထုတ်လုပ်ရောင်းချကြောင်း သရက်ချဉ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။           

          သရက်ချဉ်သည် အလှူ မင်္ဂလာပွဲများတွင် မပါမဖြစ်သော အအီပြေ ဟင်းအရံအဖြစ် လည်းကောင်း နေ့လည်နေ့ခင်းတွင်လည်း အိပ်ချင်ပြေ လက်ဖက်နှင့်တွဲပြီး သုပ်စားကြကြောင်း ထမင်းဆိုင်များတွင်လည်း သရက်ချဉ်သုပ်၊ သရက်ချဉ်ကြော်၊ အသားနှင့်သရက်ချဉ်ရောပြီး ချဉ်စပ်ဟင်း အစရှိသဖြင့် အရံဟင်းများ ချက်ပြုတ်ရောင်းချကြကြောင်း စားသုံးသူများအလွန်အကြိုက်တွေ့သော ဈေးကွက်ဝင်ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း သိရပါသည်။

DOCA(မကွေး)