Main menu

ဒေသထုတ်ကုန် မလိုင်နှင့် ယိုမျိုးစုံလုပ်ငန်းတွက်ခြေကိုက်လျက်ရှိ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့နယ်တွင် ဒေသထုတ်ကုန်တစ်ခုအဖြစ် မလိုင်လုပ်ငန်းနှင့် ယိုမျိုးစုံလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြပါသည်။ မလိုင်နှင့် ယိုများထုတ်လုပ်ရာတွင် ကုန်ကြမ်းအနေဖြင့် နွားနို့ ၊ သကြား၊ မြေပဲ၊ နှမ်း ၊ ကျောက်ဖရုံ၊ ဆန်တို့ကို အသုံးပြုရပြီး ပြည်မြို့နယ် ၊ ရွှေတောင် ၊ သဲကုန်း ၊ ဝက်ပုတ်၊ မကွေးတိုင်းဒေသကြီး ၊ အောင်လံမြို့များမှ မှာယူရပါသည်။ လုပ်သားအရေအတွက်အားဖြင့် လုပ်ငန်းတစ်ခုလျင် ကျား (၈)ဦး ၊ မ( ၇) ဦး ၊ စုစုပေါင်း (၁၅)ဦး အသုံးပြုရသည့်အတွက် တစ်ရက် လုပ်အားခ ပေးချေရမှုအနေဖြင့် ကျား ၈၀၀ဝိ-/ကျပ် ခန့် ၊ မ ၅၀၀ဝိ-/ကျပ်ခန့် ပေးချေရပါသည်။ ယိုအမျိုးအစားအပေါ်လိုက်၍ ယို ၁ ပိဿာလျှင် လုပ်သားခအပါအဝင် ကုန်ကျစရိတ် ၇၂၀ဝ-၇၅၀၀ ကျပ်ခန့် ကုန်ကျပြီး အသားတင်အကျိုးအမြတ်အားဖြင့် ယိုအမျိုးအစားအလိုက် ၁ ပိဿာလျှင် ၃၀၀-၅၀၀ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည် ။ ယိုမျိုးစုံကို နှစ်ပတ်လည်ထုတ်လုပ်ပြီး တစ်ရက်လျှင် မလိုင် (၇၀)ပိဿာခန့် ၊ မြေပဲနှမ်းယို (၅၀)ပိဿာခန့် ၊ ကျောက်ဖရုံယို (၃၀)ပိဿာခန့် ထုတ်လုပ်လျက်ရှိပြီး ဒေသတွင်း မြို့နယ်များနှင့် အခြားမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ယိုစုံလုပ်ငန်းသည် စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အပြင် ဈေးကွက်ခိုင်မာမှုရှိခြင်း ၊ တစ်နှစ်ပတ်လုံး လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်သည့်တွက် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း ၊ နေ့စဉ်ဝင်ငွေ အကျိုးအမြတ် ရရှိခြင်းကြောင့် စီးပွားရေးအရ တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)