Main menu

ဒေသအမှတ်အသားတစ်ခုအဖြစ် ရပ်တည်နေသော ကရေကရာ

Powered by Drupal

      သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်၏ ဒေသထုတ်ကုန်တစ်ခုဖြစ်သော ကရေကရာလုပ်ငန်းသည် " ကရေကရာ ရွှေညာကမုန့်မျိုး ပေါက်ပေါက်ကယ်ချိုပါလှ အုန်းယိုကတိုး" ဟု ဆိုရိုးရှိသလို ဒေသ အမှတ်အသား တစ်ခုအဖြစ် ရပ်တည်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကရေကရာ ပြုလုပ်ရာတွင် ကောက်ညှင်းမှုန့် ၊ အုန်းသီး ၊သကြား ၊ ထောပတ်များကို ကုန်ကြမ်းအဖြစ် အသုံးပြုကြပြီး လုပ်သားအ‌ရေအတွက်အားဖြင့် (၇)ဦးခန့် အသုံးပြုကြပါသည်။ လုပ်သားတစ်ဦးလျှင် တစ်ရက် လုပ်အားခ ၇၀၀ဝိ-/ကျပ်ခန့် ပေးချေရပါသည် ။ ကုန်ကျစရိတ်မှာ ကောက်ညှင်းမှုန့် ၁ပိဿာလျှင် ၅၀၀ဝိ-/ ကျပ် ၊ သကြား ၁ပိဿာလျှင် ၂၇၀ဝိ-/ကျပ် ၊ ထောပတ်၁ ပိဿာလျှင် ၂၀၀၀ဝိ-/ကျပ် ၊ အုန်းသီး ၁လုံး ၇၀ဝိ-/ကျပ် ၊ လုပ်သားခ တစ်ဦး ၇၀၀ဝိ-/ကျပ် ၊ ဗူးဘိုး ၁၀ဝိ-/ကျပ် ၊ ကရေကရာ ၁ပိဿာ ပြုလုပ်ရန်အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ၄၅၅ဝိ-/ကျပ်ခန့် ကုန်ကျပြီး ၁ပိဿာ ၆၀၀ဝိ-/ ကျပ်ခန့်ဖြင့် ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။ အကျိုးအမြတ်အနေဖြင့် ၁ပိဿာလျှင် ၁၄၅ဝိ-/ကျပ်ခန့်ရရှိပြီး လုပ်ငန်းတစ်ခု တစ်နေ့လျှင် ၆၂ပိဿာခန့် ထုတ်လုပ်လျက်ရှိပါသည်။ ဈေးကွက် ရောင်းချမှုသည် ‌ဒေသတွင်းနှင့် ရန်ကုန်မှ ပြည်ကြားမြို့များ ၊ နေပြည်တော်စသည့် တိုင်း‌ဒေသကြီး ၊ မြို့နယ်များသို့ ကိုယ်စားလှယ်များမှတဆင့် တင်ပို့‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည် ။ က‌ရေကရာ လုပ်ငန်းသည် ‌ဒေသထုတ်ကုန်တစ်ခုအဖြစ် တိုးချဲ့ဆောင်ရွက်မည်ဆိုပါက ခေတ်မီစက်ကိရိယာများနှင့် ကုန်ကြမ်းထားရှိရန်အတွက် သိုလှောင်ရုံများဆောက်လုပ်ကာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)