
တောင်သာမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မြင်းခြံ ခရိုင်အတွင်းတွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ကျေးရွာများတွင် အဓိကသီးနှံ ကြက်သွန်နီနှင့် ပြောင်းတို့စိုက်ပျိုးလျက်ရှိရာ မိုးပဲတီစိမ်းသီးနှံကိုလည်း တောင်သူများအနေဖြင့် အားထားစိုက်ပျိုးကြောင်း သိရှိရသည်။ မိုးဦးပဲတီစိမ်းသီးနှံကို (မေလ) နောက်ဆုံးပတ်တွင် စိုက်ပျိုး ထားရှိပြီး အောက်တိုဘာလ ဆန်းပိုင်းလောက်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် အထိ (၄) လခန့်ကြာ မြင့်ကြောင်းသိရှိရသည်။
တောင်သာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးကြိုပဲတီစိမ်း စိုက်ဧက (၂၃၆၅၀) ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ကာလ တူနှိုင်းယှဉ်ပါက ယခုနှစ်စိုက်ဧကသည် ယခင်နှစ်စိုက်ဧကထက် (၁၉၉၇) ဧကခန့်ပိုမိုစိုက်ပျိုးထား ကြောင်း သိရှိရသည်။ တောင်သူများအနေဖြင့် ရာသီမရွေးစိုက်ပျိုးနိုင်သော ရေဆင်း(၃)ကိုစိုက်ပျိုး ထားရှိပြီး ထွန်ကြောင်းခံ၍ တစ်ဧကမျိုး ၆ ပြည်ကိုကြဲပက်စနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း၊ အပင်ခြေတွင် တန်းကြား(၁၈)လက်မ၊ ပင်ကြား(၄)လက်မထား၍ စိုက်ပျိုးကြောင်း၊ အပင်ပေါက် ညီညာ၍ အပင်ပေါက်ကောင်းစေရန် ထယ်ရေးချရကြောင်း၊ အပင်ခြေတွင် အစိုဓာတ်ကောင်းပြီး စိုက်ပျိုးချိန်မှန်ကန်ပါက အထွက်နှုန်း ပိုမိုကောင်းမွန် ကြောင်းသိရှိရသည်။ ယခင်နှစ်ထွက်နှုန်းမှာ (၇-၈) တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ် တွင် ရာသီဥတုကောင်းပြီး အစိုဓာတ်ရှိသောကြောင့် ယခင်နှစ်ထက်အထွက်နှုန်း ပိုမိုထွက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း ပဲတီစိမ်းစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ၂၀၂၅ခုနှစ် အောက်တိုဘာ ဒုတိယပတ်တွင် တောင်သာ မြို့နယ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၉၃၂၀၀)ကျပ်ပေါက်ဈေးရှိကြောင်း၊ ထွက်ရှိသောပဲတီစိမ်းများကို ဒေသတွင်းစားသုံးရန်နှင့် ပိုလျှံသောပဲများကို မြင်းခြံမြို့၊ မန္တလေးမြို့နှင့် ရန်ကုန် ဘုရင့်နောင် ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။
DOCA(မန္တလေး)
