
မိတ္ထီလာဈေးကွက်တွင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ပန်းဂေါ်ဖီမှာ အဝင်ပုံမှန်၊ အရောင်း အဝယ်ပုံမှန်ဖြင့် ဈေးကောင်းရသော သီးနှံတစ်မျိုးဖြစ်သည်၊ ပန်းဂေါ်ဖီမှာ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှ အများဆုံးဝင်ရောက်ပြီး ယခုအခါ ပုပ္ပါးနယ်မှလည်း ဝင်ရောက်ကြောင်း သိရသည်။ ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျင် ပန်းဂေါ်ဖီ (၇၀၀-၈၀၀) ခန့် အဝင်ရှိပါသည်။ ဝင်ရောက်လာသော ကုန်စိမ်းအများစုမှာ မိတ္ထီလာမြို့ရှိ ဘဲကန် ကုန်စိမ်းဈေးမှ တစ်ဆင့် မြို့ပေါ်ရှိဈေးများသို့ ပြည်လည် ဖြန့်ဖြူးရောင်းချကြပါသည်။ ပန်းဂေါ်ဖီ ဈေးနှုန်း အနေဖြင့် အပွင့်အကြီး/အသေးပေါ်မှုတည်၍ တစ်ပွင့်လျှင် (၁၅၀၀-၂၀၀၀-၃၀၀၀) ကျပ် ဈေးများဖြင့် လက်လီပြည်လည်ရောင်းချကြကြောင်း ဈေးကွက်မှ သိရသည်။ ပန်းဂေါ်ဖီမှာ မိသားစုနေ့စဉ် စားသုံးသော ဟင်းလျာများတွင် စားသုံးမှုအပြင် စားသောက်ဆိုင် ဟိုတယ်များကလည်း ဝယ်လိုအားများသည့်အတွက် ဈေးကောင်းရသော ကုန်စိမ်း သီးနှံတစ်မျိုး ဖြစ်သည်။
DOCA(မန္တလေး)
