Main menu

မိတ္ထီလာမြို့ ပြောင်းဖူးပြုတ်များ အရောင်းအဝယ်သွက်လျှက်ရှိ

Powered by Drupal

       မိတ္ထီလာမြို့နယ်သည် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသော ဒေသဖြစ်သည်။ ဖူးစားပြောင်းအနေဖြင့် ထောပတ်ပြောင်း၊ သကြားပြောင်းများ စိုက်ပျိုးဖြစ်ထွန်းသော်လည်း အအေးပိုင်း ရာသီဥတုတွင် စိုက်ပျိုးဖြစ်ထွန်းသော ရှမ်းပြောင်းဖူးများကို ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများမှ ဝင်ရောက်လျှက်ရှိပါသည်။ အောက်တိုဘာ လဆန်းပိုင်းတွင် မိတ္ထီလာမြို့၊ မြို့မဈေးကြီး တွင် ရောင်းချလျှက်ရှိသော ရှမ်းပြောင်းဖူးအစိမ်း တစ်ဖူးလျှင် (၇၀၀)ကျပ် (၁၀)ဖူးလျှင် (၅၀၀၀)ကျပ်၊ သကြားပြောင်းဖူး(စိမ်း)တစ်ဖူးလျှင် (၇၀၀)ကျပ် (၁၀)ဖူးလျှင် (၅၀၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းချလျှက်ရှိပြီး ၊ ဆိုင်ကယ်ဖြင့် မြို့အနှံလှည့်၍ ရောင်းချသော ပြောင်းဖူးပြုတ်သည်များတွင် ရှမ်းပြောင်းဖူးပြုတ် တစ်ဖူးလျှင် (၁၀၀၀)ကျပ် ၊ သကြားပြောင်းဖူးတစ်ဖူးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး တစ်နေ့လျှင် ရှမ်းပြောင်း/သကြားပြောင်းစုစုပေါင်း(၁၅၀)ခန့်အထိနေ့စဉ်အရောင်း အဝယ်သွက်လျှက်ရှိကြောင်း သိရှိရပါသည်။

  DOCA(မန္တလေး)