
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊မလှိုင်၊သာစည်၊ဝမ်းတွင်းမြို့နယ်များတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊နှမ်း၊နေကြာကို မိုး၊ ဆောင်းရာသီနှစ်မျိုးလုံးစိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံများကို ဒေသတွင်းစားသုံးမှုအတွက်ကြိတ်ခွဲထုတ်လုပ်ကြသည့်အပြင်ရန်ကုန်၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။
နှမ်းညိုနှင့်နှမ်းဖြူကို အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးနှမ်းစိုက်ဧက(၃၂၅၉၉၀) ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ (၄)ဒသမ(၇) တင်းခန့် ထွက်ရှိကြောင်း၊ မိုးနှမ်းကိုမေလဆန်းပိုင်း တွင်စိုက်ပျိုးပြီး ဇူလိုင်လကုန်တွင်ရိတ်သိမ်းရကြောင်း၊ မိုးနှမ်းတစ်ဧကကုန်ကျစရိတ်မှာ ကျပ်နှစ်သိန်း ကျော်ကုန်ကျကြောင်း၊ ယခုအောက်တိုဘာလဒုတိယပတ်တွင် မိုးနှမ်းများ ရာသီကုန်ပြီးဖြစ်သော်လည်း မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင်အိတ်(၇၀၀)ခန့် အရောင်းအဝယ်လျက်ရှိကြောင်း၊ မိုးနှမ်းညိုတစ်တင်း လျှင်(၈၇၀၀၀-၉၀၀၀၀) ကျပ်၊နှမ်းဖြူတစ်တင်းလျှင်(၉၀၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၂၀၀၀-၁၄၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၃၄၅၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိ ရပါသည်။
မိုးမြေပဲကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးမြေပဲစိုက်ဧက (၃၉၅၈၄)ဧကရှိပြီး တစ်ဧကအထွက်နှုန်း မှာ (၂၄)ဒသမ(၇၇) တင်းခန့်တင်းထွက်ရှိကြောင်း၊ မိုးမြေပဲကို မေ၊ဇွန်တွင် စိုက်ပျိုးပြီး ဩဂုတ်၊စက်တင် ဘာတွင်ရိတ်သိမ်းရပြီး မိုးမြေပဲတစ်ဧကကုန်ကျစရိတ်မှာကျပ်သုံးသိန်းကျော်ကုန်ကြောင်း၊ မြို့ပေါ်ရှိပွဲရုံ များတွင်တစ်ပတ်လျှင်(၈၀၀၀)ပိဿာခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခု အောက်တိုဘာ လဒုတိယပတ်တွင် မိုးမြေပဲအတောင့်တစ်ပိဿာလျှင်(၄၅၀၀-၄၆၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်ပိဿာလျှင် (၇၆၀၀-၇၇၀၀)ကျပ်၊ဆီဆန်တစ်ပိဿာလျှင်(၇၄၀၀-၇၅၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀-) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၅၄၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးနေကြာစိုက်ဧက ( ၂၂၃၁၈ ) ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ ၁၃ ဒသမ ၉၃ တင်းခန့်ထွက်ရှိကြောင်း၊ မိုးနေကြာကို ဇွန်လ တွင်စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာလတွင် ရိတ်သိမ်းရကြောင်း၊ ယခုအောက်တိုဘာလ ဒုတိယပတ်တွင် ဈေးကွက်အတွင်း၌ နေကြာစေ့တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ရှိပြီး၊ နေကြာဆီ တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ နေကြာ ဖတ် တစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)
