Main menu

မိတ္ထီလာ ဈေးကွက်အတွင်း ပဲဖတ်၊နှမ်းဖတ်ဈေးများ အနည်းငယ်ကျဆင်းလျက်ရှိ

Powered by Drupal

        မိတ္ထီလာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အနက် ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊နှမ်းသီးနှံများသည် ရာသီပေါ်ချိန်ဖြစ်၍ ဒေသတွင်းဆီစက်များမှလည်း ဆီကြိတ်ခွဲထုတ်လုပ်မှုများပြီး ထွက်ရှိသည့် ပဲဖတ်၊နှမ်းဖတ်များကို ဒေသတွင်းမွေးမြူသည့် နွား၊ ဝက် အစရှိသည့် မွေးမြူရေးလုပ်ငန်းများ၌ တိရိစ္ဆာန်အစာအဖြစ်အသုံးပြုကြသည့်အပြင် အခြားဒေသများ သို့လည်း တင်ပို့ရောင်းချကြပါသည်။

         မိတ္ထီလာဈေးကွက်တွင် အောက်တိုဘာဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲဖတ်၊နှမ်းဖတ်ဈေးနှုန်း များမှာ ပဲဖတ်တစ်ပိဿာလျှင်(၅၄၀၀)ကျပ်၊နှမ်းဖတ်တစ်ပိဿာလျှင်(၃၄၅၀)ကျပ်၊ နေကြာ ဖတ်တစ် ပိဿာလျှင်(၃၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ် လျှင် ပဲဖတ်တစ်ပိဿာလျှင်(၁၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၁၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာ ကြောင်း၊ဈေးနှုန်းကျဆင်းလာရခြင်းမှာ ပြည်ပမှတိရိစ္ဆာန်အစာပဲပုတ်ဖတ်များဈေးကွက်အတွင်းသို့ အနည်းငယ်ပြန်လည်ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟုဆီစက်လုပ်ငန်းရှင်တစ်ဦီးမှသိရပါသည်။

  DOCA(မန္တလေး)