
မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ကျပ် စျေးတို့ ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရား ပွဲတော်များ၊အလှူပွဲများ ကျင်းပသည့်ရာသီချိန်ဖြစ်သည့်အတွက် မန္တလေးစျေးကွက်တွင်တည်သီး များအရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိသစ်သီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
