Main menu

ဈေးကွက်အတွင်း  ကြက်သွန်( ဖြူ ) ဈေးနှုန်းမြှင့်တက်လျက်ရှိ

Powered by Drupal

       စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို  ပြည်နယ်အတွင်း၌လည်း တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြပြီး၊  ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါ၍ ပြည်နယ်အတွင်း စားသုံးရန်အတွက် ကြက်သွန်(ဖြူ)ကို အောင်ပန်း၊ ကလောတို့မှ သယ်ယူကာ ရောင်းချလျက် ရှိကြောင်း ၊ လက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခုအောက်တိုဘာလ တတိယပတ်တွင် ကြက်သွန်(ဖြူ) ရှမ်းစ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ ယခင် စက်တင်ဘာလတတိယပတ်တွင် ကြက်သွန် (ဖြူ) ရှမ်းစ တစ်ပိဿာလျှင် ကျပ် (၅၀၀၀) ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၀၀၀) ဖြင့်ရောင်းချလျှက်ရှိကြောင်း၊  ယခုအောက်တိုဘာလ တတိယပတ်နှင့်  ယခင် စက်တင်ဘာလတတိယပတ် နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစ တစ်ပိသာလျှင် ကျပ် (၁၀၀၀)ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်း မြင့်တက်လျှက်ရှိကြောင်း လွိုင်ကော်မြို့ သီရိ မင်္ဂလာဈေးတွင် ရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါတယ်။

DOCA(ကယား)