Main menu

မွန်ပြည်နယ်ဒေသထွက် ကွမ်းသီးဈေးနှုန်း၊ ဈေးကွက်၊ စီးဆင်းမှုအခြေအနေ

Powered by Drupal

      မွန်ပြည်နယ်သည် ကွမ်းသီးထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ကွမ်းသီးအများဆုံး စိုက်ပျိုးသည့်ဒေသမှာ ရေးမြို့နယ်ဖြစ်သည်။ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း မွန်ပြည်နယ်၏ ကွမ်းသီး စိုက်ဧကမှာ (၅၆၂၆၁)ဧက၊ ခူးဧက (၅၁၄၂၅)ဧက၊ အထွက်နှုန်း (၁၀၅၅)ပိဿာ၊ စုစုပေါင်းအထွက် (၅၄၂၆၀၇၀၉) ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။

       ကွမ်းသီးဈေးနှုန်းမှာ အောက်တိုဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဝန်းကျင်ရှိပြီး အောက်တိုဘာလ ဒုတိယပတ်တွင် (၆၀၀၀)ကျပ်ခန့်ရှိရာ (၁၀၀၀) ကျပ်ခန့် ဈေးနှုန်းလျော့ကျခဲ့ကြောင်း သိရှိရပါသည်။ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၇) ရက်နေ့ထိ မွန်ပြည်နယ်မှ အခြားဒေသများသို့ ထွက်ရှိသော ကွမ်းသီးကားအစီးရေ (၆၀) စီး၊ ကွမ်းသီးပိဿာ ပေါင်း (၃၉၅၈၀၀)ပိဿာ (တန်အားဖြင့် ၆၄၆.၃၂ တန်) စီးထွက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)