
မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ မှ ထွက် သည့်ရွှေဖရုံသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ရွှေဖရုံသီး ၁ လုံး လျှင် အလုံး(ကြီး) ၈၅၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊ အလုံး(လတ်) ၆၅၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ အလုံး (သေး) ၁၅၀၀ ကျပ်နှင့်၂၀၀၀ ကျပ်စျေး၊အစိတ်လိုက်ရောင်းချရာတွင် တစ်စိတ်လျှင် ၈၀၀ကျပ်နှင့် ၁၀၀၀ကျပ်တို့ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ရွှေဖရုံသီးမှာ မန္တလေးစျေးကွက်သို့ ဝင်ရောက်မှု များပြားလျှက်ရှိပြီး၊ဘုရားပွဲနှင့်အလှူပွဲရာသီ၍ အချိုပွဲများတွင် သုံးစွဲမှုများသည့်ကုန်စိမ်း တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
