Main menu

   စျေးပိုမိုရရှိသည့်မန္တလေးပဲဇီးကွက်

Powered by Drupal

             မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ  ပြည်တွင်းစားသုံးမှု များပြားသည့်ပဲတစ်မျိုးဖြစ်ကြောင်းသိရပါသည်။ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် စားတော်ပဲအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရပါသည်။    မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါသည့်ပေါက်စျေးမှာ ပဲဇီးကွက် ၃တင်းဝင်တစ်အိတ်လျှင် ၃၄၅၀၀၀ကျပ် နှင့်၃၅၅၀၀၀ကျပ်၊တစ်ပိဿာလျှင်   ၅၉၂၃ ကျပ်နှင့်၆၀၉၄ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ ယခင် နှစ်ကာလတူပေါက်စေျးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊ တစ်ပိဿာ လျှင်၄၈၀၇ ကျပ်နှင့် ၄၉၇၈ ကျပ်တို့ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက မန္တလေးပဲဇီးကွက်စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)