Main menu

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

         မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီ အများဆုံး စိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာ၊ နှုန်းကြီးကျေးရွာစသည့် ကျေးရွာများမှ ကြက်သွန်နီများ တင်ပို့ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။ အောက်တိုဘာလ ဒုတိယအပတ်၏ ကြက်သွန်နီ လက်ကား ဒိုင်ဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၄၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၃၂၀၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၄၀၀ ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

         မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် ဈေးဟောင်းတို့တွင် ကြက်သွန်နီ လက်လီရောင်းချ သည့် ဈေးနှုန်းမှာ အရည်းအသွေးကိုလိုက်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၇၀၀-၃၈၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၃၃၀၀-၃၅၀၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၇၀၀-၂၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန်မဟုတ်သေးပဲ ဂိုဒေါင်များမှာ သိုလှောင်ထားသော ကြက်သွန်များကိုသာ ရောင်းချနေကြရခြင်းဖြစ်သဖြင့် လက်ကျန်နည်း၍ အရောင်းအဝယ်အေးနေပြီးဈေးနှုန်းမှာ ယခင်လထက် အနည်းငယ်မြင့်တက်နေကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)