Main menu

“ဆေးဆိုင်များရှိဆေးဝါးများ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဈေးနှုန်းအခြေအနေ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များရှိ ဆေးဝါးများ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဈေးနှုန်းအခြေအနေအား နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် ကော့မှူးမြို့နယ်ရှိ စားသုံးသူပြည်သူများ ဆေးဝါးအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရရှိရေးတို့အတွက် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဝါးအမျိုးမျိုးဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆေးဆိုင်များမှ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးအမျိုးမျိုးတို့တွင်  အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု ခွင့်ပြုထောက်ခံချက်ပါရှိသော ဆေးဝါးများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြရန်၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော၊ သက်တမ်းလွန်ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထောက်ခံချက်မပါရှိသော ဆေးဝါးများအား ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ယခင်အပတ်၊ ယခုအပတ်ဈေးနှုန်း ကွာခြားမှု အခြေအနေများအား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)