Main menu

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာဈေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၁၀၂.၈၃)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၉၀၁၅) မက်ထရစ်တန် ရှိကြောင်း သိရှိရပါသည်။မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ယခင်နှစ်ထက် ယခုနှစ်မှာ ရော်ဘာ ဈေးကောင်း ပိုရလျက် ရှိပြီး ယခုအပတ် (၂၄.၁၀.၂၀၂၂) မှ (၂၆.၁၀.၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ  RSS-3 တစ်ပေါင်လျှင် (၁၃၇ဝိ/-) ခန့်၊ RSS-5 တစ်ပေါင်လျှင် (၁၂၇ဝိ/-)ခန့် ဈေးနှုန်းရှိပြီး ယခင်နှစ် အလားတူကာလတွင် RSS-3 တစ်ပေါင်လျှင် (၇၃ဝိ/-)ကျပ်နှင့် RSS-5 တစ်ပေါင်လျှင် (၆၃ဝိ/-)ကျပ်ပေါက်စျေးရှိကြောင်း စုံစမ်းသိရှိရပါသည်။

     တနင်္သာရီတိုင်းဒေသကြီးထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့် တောင်သူများ တွက်ခြေကိုက် လျက်ရှိသောကြောင့် ရာဘာအစေးခြစ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်မှာ ပုံမှန်ရှိပြီး ရာဘာကို ထားဝယ်မှ ရန်ကုန်သို့ လည်း ကောင်း၊ ထားဝယ်မှ မုဒုံသို့လည်းကောင်း တင်ပို့လျက်ရှိပြီး သယ်ယူပို့ဆောင်ခ(ကားခ) မှာ တစ်ပိဿာလျှင် (၁ဝဝိ/-)ကျပ် ပေးဆောင်ရကြောင်း ကုန်သည်တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)