Main menu

အင်္ဂပူမြို့နယ် သိုက်တူးကွင်းကျေးရွာရှိ “မြင့်ရတနာ ”ဆန်စက်လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင်  အင်္ဂပူမြို့ဦ သိုက်တူးကွင်းကျေးရွာရှိ  “မြင့်ရတနာ” ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန်ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှုမရှိစေ ရေးတို့ကို ဦးစားပေးရောင်းချပေးစေလိုကြောင်း၊  စပါးဝယ်ယူရရှိမှု အခြေအနေ၊ ကြိတ်ခွဲမှုပုံစံ၊ အခြောက်ခံမှု၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု၊ အကျိုးအမြတ်တို့ကိုဆွေးနွေးခဲ့ပြီး၊ ဆန်စပါးသို လှောင်ရုံမှတ်ပုံတင်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ပေးခြင်း၊  လုပ်ငန်းရှင်များဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေးနှုန်း အနိမ့်အမြင့်အပေါ် ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)