Main menu

ဟင်္သာတမြို့နယ် Online မှတစ်ဆင့် ကုန်စည်/ ဝန်ဆောင်မှု ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် နိုဝင်ုဘာလ (၅) ရက် နေ့လယ်(၁၃:၃၀) နာ+-အချိန်တွင် ဟင်္သာတမြို့နယ် ဦးဝိစာရလမ်း၊ ဘုရားကြီးရပ်ကွက်ရှိ  စတိုင်ဆိုင်များတွင် Online မှတစ်ဆင့် ကုန်စည်/ ဝန်ဆောင်မှု ရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ Online ရောင်းချမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အသိပညာပေးဟောပြော ဆောင်ရွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များပြည့်စုံစွာဖော်ပြနိုင်ရေး လုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ ရောင်းချသည့် ကုန်ပစ္စည်းများအပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိစေခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေတွင်ဖော်ပြထားသည့် အခန်း(၁၀)၊ ဥပဒေပုဒ်မ(၂၁)၊ ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ(ဋ) စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား အသေးစိတ်နားလည်သဘောပေါက်စေရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)