
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၁.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ Online မှ တစ်ဆင့် ရောင်းဝယ်မှုပြုလုပ်နေသော လူသုံကုန်ပစ္စည်းအမျိုးမျိုး လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/ မပါတို့ကို စစ်ဆေးခဲ့ပြီး၊ Online စနစ်ဖြင့်ရောင်းချနေသော အလှကုန်နှင့် လူသုံးကုန်၊ အဝတ်အထည်အရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
