
ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိဝတစ်လုံးဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဆန်စပါးဈေးကွက်အတွင်း ဈေးနှုန်းအခြေအနေများ တည်ငြိမ်မှုရှိ/ မရှိ၊ လုပ်ငန်း၏အခက်အခဲအတွေ့အကြုံများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စပါးအရည်အသွေး၊ ထုတ်လုပ်မှုပြည့်မိစေရေး၊ အချိန်အတွယ်နှင့် ပတ်သက်၍လည်းသတ်မှတ်ထားသည့် နှုန်းအတိုင်းပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ MSMEs လုပ်ငန်းနှင့်ပတ်သက်၍ ခေတ်မီစက်ကြီးများနှင့် လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထိုသို့ထုတ်လုပ်နိုင်ခြင်းကြောင့် ဆန်စက်ရှိအလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်တော့ဘဲ စားဝတ်နေရေးအစဉ်ပြေကြောင်းနှင့် ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသည့်စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း စနစ်တကျစွန့်ပစ်ကြရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
