
(၁၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ဈေးစည်ပင်မှ တာဝန်ရှိသူက ပူးပေါင်းပါဝင်လျက် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည်ဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည်ကြောင်းဖော်ပြချက်များနှင့် ပါဝင်မှုအလေးချိန်ကိုလည်း မြန်မာလိုရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် အချက်(၁၁) ချက်ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
