
စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၁၁.၁၁.၂၀၂၅) ရက်နေ့ နေ့လယ်(၁၃:၁၀)နာရီအချိန်တွင် တိုက်ကြီးမြို့မဈေးတာဝန်ခံနှင့် အတူ တိုက်ကြီးမြို့မဈေးအတွင်းရှိ ရောင်းချနေသော အမှတ်တံဆိပ်ပါ စားသုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးမြို့မဈေးအတွင်းရှိ အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဟင်းသီးဟင်းရွက်ဆီ(Vegetabel Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁ )ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ပြီး အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
