Main menu

စားအုန်းဆီလက်လီအရောင်းဆိုင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အင်းစိန်မြို့နယ်၊‌ အောင်ဆန်းရပ်ကွက်ရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဖော့ကန်ရပ်ကွက်ရှိ IBS Co.,Ltd မှ ဖြန့်ဖြူးပေးသော စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီ‌နှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာ ချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)