Main menu

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့်အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ တို့ကို (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ အိမ်အမှတ်(ပ-၄၀)၊ ဘောဂသီရိကားကွင်း၊ ဘောဂဝတီရပ်ကွက်၊ “လင်းမြတ်” တိရိစ္ဆာန်နှင့်တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းဆိုင် ရောင်းချ ခြင်းလုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

     ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ ဦးလတ်လမ်း၊ အိမ်အမှတ် (၃/၄၂) ရှိ Healthease” လက်ဆွဲအိတ်၊ ပိုက်ဆံအိတ်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်းလုပ်ငန်းသို့ သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)