Main menu

ညောင်ဦးမြို့ မြို့မ အ.ထ.က တွင် လူငယ်စကားဝိုင်းကျင်းပ

Powered by Drupal

         ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းအား အောက်တိုဘာလ(၂၄)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ကြားခံဆွေးနွေးသူအဖြစ် ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရည်မွန်သူ(လ/ထညွှန်မှူး)က ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြား၍ အဆိုပါ ကျောင်းမှ ကျောင်းသူ မသျှားနဒီက လူငယ်နှင့် သူ၏အိမ်မက်၊ မအိသွယ်ဖြိုးက လူငယ်နှင့် မူးယစ်ဆေးဝါးပြဿနာ၊ ကျောင်းသား မောင်ဉာဏ်လင်းထွန်းက လူငယ်နှင့်ကျန်းမာရေး၊ မောင်နိုင်သူရထွေးက လူငယ်နှင့် အားကစား စသည့်ခေါင်းစဉ်အသီးသီးတို့ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများ၏ မေးမြန်းဆွေးနွေးချက်များကိုလည်း ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါစကားဝိုင်းသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ အခြေခံပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)