
ကျောက်ဆည်ခရိုင်အတွင်းရှိ အချို့သောကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင်အနေဖြင့် ဂေါ်ရခါးပင်များအားစိုက်ပျိုးကြပါသည် ။ ဂေါ်ရခါးပင်သည် ကျန်းမာရေးအတွက်ကောင်းမွန်ပြီး စျေးနှုန်းသင့်တင့်သောကြောင့် စိုက်ပျိုးသူများမှာ တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။စိုက်ပျိုးသော ကျေးရွာများမှာ ကျောင်းကုန်းနှင့်ကလိုင်ကျော်ကျေးရွာများတွင် စိုက်ပျိုးကြပြီး ယခုအချိန်သည် မိုးရွာသွန်းပြီးသောအချိန်ဖြစ်သောကြောင့် အညွန့်များမှာ ပိုးကိုက်မှုမရှိခြင်းနှင့်သန်မာကြောင်း ၊ ဂေါ်ရခါးညွန့်များကို ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့်မြို့မစျေးများသို့ တင်ပို့ရောင်းချကြ သလိုကျေးရွာအတွင်း၌လည်းရောင်းချရကြောင်း ၊ ဂေါ်ရခါးညွန့်စျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် လက်ကား(၃၀၀၀-၃၅၀၀)ကျပ်နှင့် လက်လီ(၄၀၀၀-၄၅၀၀)ကျပ်စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ဂေါ်ရခါးညွန့်သည် စားသုံးသူပြည်သူများကြိုက်နှစ်သက်သောကြောင့် ဝယ်လိုအားကောင်း ကြောင်း၊ ဂေါ်ရခါးညွန့်စားသုံးခြင်းဖြင့် အူနံရံများကိုသန့်ရှင်းစေကြောင်း၊ကင်ဆာဆဲလ်များကိုလည်း တိုက်ဖျက်ပေးနိုင်ကြောင်း၊အရိုးများကိုလည်းသန်မာစေကြောင်း စသည့်အကျိုးကျေးဇူးများရရှိနိုင် ကြောင်းသိရှိရပါသည်။ ဂေါ်ရခါးညွန့်စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်းနှင့် မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေများရရှိသောကြောင့် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။
DOCA(မန္တလေး)
